Posts

Showing posts from April, 2026

ကဆုန်လပြည့်နေ့တွင် မဖြစ်မနေ ပြုလုပ်သင့်သော အလှူ(၇)မျိုး

Image
  ကဆုန်လပြည့်နေ့တွင် မဖြစ်မနေ ပြုလုပ်သင့်သော အလှူ(၇)မျိုး ၁။ရေအိုးအလှူ(ဥဒကဒါန).......ရေအိုးများကို လမ်းဘေး၊ ဘုန်းကြီးကျောင်း၊ စေတီပုထိုးတို့တွင် ထားရှိလှူဒါန်းခြင်း။ ရေအိုးလှူဒါန်းခြင်းအကျိုး.......အပူဒါဏ်မှ ကင်းဝေးခြင်း၊ စိတ်အေးချမ်းမှုကိုရရှိခြင်း။ ၂။မီးတိုင်-ဆီမီးအလှူ(ဒီပဒါန).......ဘုရားရှိခိုးကျောင်း၊ စေတီပုထိုးတို့တွင် ဆီမီးညှိလှူခြင်း။ မီးတိုင်း-ဆီမီးလှူဒါန်းခြင်းအကျိုး.......အဝိဇ္ဇာအမှောင်ပြောက်ခြင်း၊ ဉာဏ်အလင်းရရှိခြင်း။ ၃။နေရာထိုင်ခင်းအလှူ(အာသနဒါန).......သံဃာတော်များအတွက် ထိုင်ခုံ၊ သင်္ကန်းလှူခြင်း။ နေရာထိုင်ခင်းလှူဒါန်းခြင်းအကျိုး.......နတ်ရွာစံဘဝတွင် ခမ်းနားသောနေရာရခြင်း။ ၄။ဆွမ်းလှူခြင်း(ဆွမ်းဒါန).......သံဃာတော်များအား ဆွမ်းကပ်လှူခြင်း။ ဆွမ်းလှူဒါန်းခြင်းအကျိုး.......အစာအဟာရမပြတ်ခြင်း၊ ကိုယ်-စိတ်ကျန်းမာခြင်း။ ၅။ဆေးအလှူ(ဂိလာနပစ္စယဒါန).......နာမကျန်းသူများအား ဆေး အဟာရများလှူခြင်း။ ဆေးလှူဒါန်းခြင်းအကျိုး......ရောဂါဘယကင်းဝေးခြင်း၊ သက်ရှည်ခြင်း။ ၆။လမ်းအလှူ(မဂ္ဂဒါန).......လမ်းတံတား၊ သွားလာရေးလွယ်ကူစေရန်လှူခြင်း။ လမ်း-တံတားလှူဒါန်းခြင်းအကျိုး.......ဘဝလမ်းခရီးတွင် အခက်အခဲမရှိခြင်...
Image
 

ကြွက်နိုနှင့် ငါးမျက်စိအတွက် ထိရောက်သော အိမ်တွင်းကုထုံး

Image
 ကြွက်နိုနှင့် ငါးမျက်စိအတွက် ထိရောက်သော အိမ်တွင်းကုထုံး ကြွက်နိုနဲ့ ငါးမျက်စိဟာ သေးငယ်ပေမယ့် လူကို တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်စေသလို ထိမိခိုက်မိရင်လည်း အတော်လေး နာကျင်တတ်ပါတယ်။ ဒီဝေဒနာတွေကို အမြစ်ပြတ် သက်သာပျောက်ကင်းစေမယ့် မြန်မာ့တိုင်းရင်းဆေးနည်းလေးကို ပြန်လည်မျှဝေပေးချင်ပါတယ်။ ကြွက်နိုနှင့် ငါးမျက်စိ ဆိုသည်မှာ ဘာလဲ? ငါးမျက်စိ (Corn / Molluscum Contagiosum): ခြေထောက်မှာ အဖြစ်များပြီး ညှစ်လိုက်ရင် အထဲက အဆံလေးတွေ ထွက်လာတတ်ပါတယ်။ ထိမိရင် နာကျင်မှု ဝေဒနာ ခံစားရတတ်ပါတယ်။ ကြွက်နို (Wart): HPV (Human Papilloma Virus) ပိုးကြောင့် ဖြစ်ပွားတတ်တဲ့ အရေပြားပြဿနာ တစ်ခု ဖြစ်ပါတယ်။ လိုအပ်သော ပစ္စည်း (၃) မျိုး အိမ်မှာ အလွယ်တကူရှိတဲ့ ပစ္စည်းတွေနဲ့ပဲ ဖော်စပ်နိုင်ပါတယ်။ ၁။ ကွမ်းစားထုံး (ဖောက်ထုံး): ကွမ်းသီးလုံးခန့် ၂။ ဂျင်း: ၁ ကျပ်သားခန့် ၃။ ကြက်သွန်ဖြူ: ၁ ဥ ပြုလုပ်ပုံနှင့် အသုံးပြုနည်း ၁။ အထက်ပါ ပစ္စည်း (၃) မျိုးကို ရောနှောပြီး ညက်နေအောင် ထောင်းပါ။ ၂။ ရရှိလာတဲ့ ဆေးဖတ်ကို ကြွက်နို (သိုမဟုတ်) ငါးမျက်စိရှိတဲ့နေရာပေါ်မှာ သေချာ ကပ်ပေးပါ။ ၃။ ဆေးမပြုတ်ကျစေရန် ပတ်တီး (သိုမဟုတ်) ပလာစတာဖြင့် သေသေချာချ...

တံငါသည် နှင့် သားနှစ်ယောက်

Image
  တံငါသည် နှင့် သားနှစ်ယောက် ****************************** တစ်ခါတုန်းက တံငါသည်ကြီး တစ်ယောက် ရှိသတဲ့။ သူ့မှာ သားနှစ်ယောက်လည်း ရှိတယ်။ သူက သူ့ရဲ့ ရွာမှာတင် မဟုတ်ဘူး ၊ ပတ်ဝန်းကျင် တံငါရွာတွေမှာကို နာမည်ကျော် တစ်ယောက် ဖြစ်တယ်။ သူ ဘာလို့ နာမည်ကျော်ရလဲ ဆိုတော့ သူများတွေ တစ်နေကုန် ငါးဖမ်းလှေလေးနဲ့ ပင်လယ်ပြင်ကို အန်တုကာ ငါးဖမ်းပြီးလို့ ပြန်လာတာတောင်မှ လှေဝမ်းထဲမှာ ငါးက တဝက်ထက် ပိုမပါကြဘူး။ ဒါပေမဲ့ တံငါသည်ကြီးကတော့ သူ့လှေဝမ်းထဲမှာ ငါးအပြည့် ပါလာလွန်းလို့ လှေနှုတ်ခမ်းက ရေပြင်နဲ့ ထိလုမခန်း နီးကပ်နေတတ်တယ်။ သူများတွေ ငါးဖမ်းလှေနဲ့ ငါးများများရအောင် မနက်စောစော ထွက်တဲ့အချိန် တံငါသည်ကြီးကတော့ အိပ်လို့ ကောင်းနေတုန်း။ သူများတွေ ညနေ နေတော်တော်စောင်း မှောင်ရီပျိုးမှ ပြန်လာချိန်မှာ တံခါသည်ကြီးကတော့ ညနေစောင်းလောက် ကတည်းက ပြန်ရောက်ပြီး ရေချိုးကာ ရွာအနှံ့ လမ်းလျှောက်နေလေ့ ရှိတယ်။ ဒါပေမဲ့ သူ့လှေထဲမှာက သူများတွေ မိုးချုပ်မှ ပြန်လာသူတွေထက် ငါးတွေပိုရလာလေ့ ရှိတယ်။ သူများတွေ တစ်နေကုန် ငါးဖမ်းမှ နည်းနည်းလေး ရတာကို တံငါသည်ကြီးက ခဏလေးနဲ့ ငါးတွေ အများကြီး ရလာလေ့ရှိလို့ တံငါသည်ကြီးတော့ ငါးတ...
Image