ကြွက်နိုနှင့် ငါးမျက်စိအတွက် ထိရောက်သော အိမ်တွင်းကုထုံး
ကြွက်နိုနှင့် ငါးမျက်စိအတွက် ထိရောက်သော အိမ်တွင်းကုထုံး
ကြွက်နိုနဲ့ ငါးမျက်စိဟာ သေးငယ်ပေမယ့် လူကို တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်စေသလို ထိမိခိုက်မိရင်လည်း အတော်လေး နာကျင်တတ်ပါတယ်။ ဒီဝေဒနာတွေကို အမြစ်ပြတ် သက်သာပျောက်ကင်းစေမယ့် မြန်မာ့တိုင်းရင်းဆေးနည်းလေးကို ပြန်လည်မျှဝေပေးချင်ပါတယ်။
ကြွက်နိုနှင့် ငါးမျက်စိ ဆိုသည်မှာ ဘာလဲ?
ငါးမျက်စိ (Corn / Molluscum Contagiosum): ခြေထောက်မှာ အဖြစ်များပြီး ညှစ်လိုက်ရင် အထဲက အဆံလေးတွေ ထွက်လာတတ်ပါတယ်။ ထိမိရင် နာကျင်မှု ဝေဒနာ ခံစားရတတ်ပါတယ်။
ကြွက်နို (Wart): HPV (Human Papilloma Virus) ပိုးကြောင့် ဖြစ်ပွားတတ်တဲ့ အရေပြားပြဿနာ တစ်ခု ဖြစ်ပါတယ်။
လိုအပ်သော ပစ္စည်း (၃) မျိုး
အိမ်မှာ အလွယ်တကူရှိတဲ့ ပစ္စည်းတွေနဲ့ပဲ ဖော်စပ်နိုင်ပါတယ်။
၁။ ကွမ်းစားထုံး (ဖောက်ထုံး): ကွမ်းသီးလုံးခန့်
၂။ ဂျင်း: ၁ ကျပ်သားခန့်
၃။ ကြက်သွန်ဖြူ: ၁ ဥ
ပြုလုပ်ပုံနှင့် အသုံးပြုနည်း
၁။ အထက်ပါ ပစ္စည်း (၃) မျိုးကို ရောနှောပြီး ညက်နေအောင် ထောင်းပါ။
၂။ ရရှိလာတဲ့ ဆေးဖတ်ကို ကြွက်နို (သိုမဟုတ်) ငါးမျက်စိရှိတဲ့နေရာပေါ်မှာ သေချာ ကပ်ပေးပါ။
၃။ ဆေးမပြုတ်ကျစေရန် ပတ်တီး (သိုမဟုတ်) ပလာစတာဖြင့် သေသေချာချာ စည်းထားပေးပါ။
ရလဒ်ကတော့...
မိနစ် ၁၀ ခန့် ကြာတဲ့အခါ ကြွက်နို (သိုမဟုတ်) ငါးမျက်စိဟာ အသားပေါ်ကနေ ကြွတက်လာပါလိမ့်မယ်။ အဲဒီအခါမှာ လက်နဲ့ အသာလေး ဆွဲနုတ်လိုက်ရုံနဲ့ အမြစ်အုံလိုက် ပါလာပြီး လုံးဝ အမြစ်ပြတ် ပျောက်ကင်းသွားပါလိမ့်မယ်။
မှတ်ချက်: ဒီနည်းလမ်းဟာ ကိုယ်တိုင်လက်တွေ့စမ်းသပ်ပြီး ထိရောက်မှုရှိလို ပြန်လည်မျှဝေပေးတာ ဖြစ်ပါတယ်။
အားလုံးပဲ အရေပြားပြဿနာများ ကင်းဝေးပြီး ကျန်းမာပျော်ရွှင်ကြပါစေ။
#yoyocooking

Comments
Post a Comment