တံခွန်တိုင် နဲ့ ဟင်္သာရုပ် တို့ရဲ့ အဓိပ္ပါယ်
စေတီတော်များမှာ တည်ထားလေ့ရှိသော တံခွန်တိုင် နဲ့ ဟင်္သာရုပ် တို့ရဲ့ အဓိပ္ပါယ် ~~~~~~~~~~~~~~~~~~~~~~~~~ ရှယ်ပြီး ဖတ်ကြည့်ပါနော်… မိမိတို့ ထေရဝါဒဗုဒ္ဓဘာသာ မြန်မာနိုင်ငံဆိုတာ ယဉ်ကျေးမှု သုခုမအလင်းတွေ ထည်ဝါခဲ့ကြတဲ့ နိုင်ငံဖြစ်တယ်ဆိုတာ သိပြီး ဖြစ်ကြပါလိမ့်မယ်။ ဒါပေမဲ့ ခေတ်သစ်မှာ အချို့အရာတွေနဲ့ပတ်သက်ပြီး မရှင်းမလင်းရုံမက ယောင်ဝါးဝါးတွေ ဖြစ်လို့ နေကြပါတယ်။ ဒီနေရာမှာ တံခွန်တိုင် ဆိုတာနဲ့ ပတ်သက်ပြီး ပြောပြရရင်… တံခွန်တိုင် လို့ ခေါ်ရခြင်းက… ဘုရား ပုထိုး စေတီတော်တွေရဲ့အနီးမှာ တိုင်တွေ စိုက်ထူထားတတ်ကြပါတယ်။ အဲဒီတိုင်တွေရဲ့ ထိပ်ဖျားမှာ တံခွန်တွေကို လွှင့်ထူထားကြလို့ တံခွန်တိုင်လို့ ခေါ်ပါတယ်။ တံခွန်ဆိုတာ… ရှေးအခါက ယာဉ်ရထားတွေ အဆောက်အဦတွေမှာ ထင်ရှားပေါ်လွင်အောင် တင့်တယ်အောင် လွှင့်ထူလေ့ရှိကြတဲ့ အလံကို တံခွန်လို့ ခေါ်ခြင်းပါ။ တံခွန်လုံး တံခွန်ပြား တံခွန်ကုက္ကား စသဖြင့် များစွာရှိကြပေမဲ့ တံခွန်တိုင်မှာ တပ်ဆင်လေ့ရှိတဲ့ တံခွန်တွေကတော့ လုံးဝန်းပြီး ရှည်မြောမြောသဏ္ဌာန်ရှိကာ ဝါးနဲ့ ရက်လုပ်ထားတဲ့ တံခွန်တွေ ဖြစ်ပါတယ်။ ဝါးကို အခွေလိုက်ပြုကာ အပေါ်ကနေ စက္ကူကပ်ပြီ...