Posts

Showing posts from May, 2026

ကန်တော့ပွဲ (သာသနာပွဲ) ထိုးခြင်း

Image
 ကန်တော့ပွဲ (သာသနာပွဲ) ထိုးခြင်း ဤဘဒ္ဒကမ္ဘာမှာ ပွင့်ခဲ့လေပြီးသော ဘုရားလေးဆူနှင့်တကွ နောင်ပွင့်မယ့် အရိမေတ္တယျဘုရားရှင်တို့အား ဦးထိပ်ထားပြီး သာသနာတော်စောင့်နတ်မင်းကြီးများ ၊ ရသေ့ရှစ်သောင်းနှင့် ဝိဇ္ဇာဇော်ဂျီ တပသီအပေါင်း ၊ ထွက်ရပ်ပေါက် ပုဂ္ဂိုလ်များအပါအဝင် ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်အပေါင်းတို့အား တိုင်တည်ပြီး သာသနာအနှစ်ငါးထောင် အရှည်တည်တံ့စေရန် ဝန်းရံစောင့်ရှောက်ကြသူ အ‌ပေါင်းတို့၏ ဂုဏ်ကျေးဇူးကို မြင်ယောင်၍ ကန်တော့ပွဲ (သာသနာပွဲ) ကို လှူဒါန်းကြခြင်းဖြစ်ပါတယ် ။  သာသနာပွဲကပ်လှူမယ်ဆိုရင် -  ၁ ။ အုန်းသီးလှလှ အစိမ်းရောင် တစ်လုံး (အနာအဆာကင်း ကြွက်မြှီးအပါ)  ၂ ။ ငှက်ပျောသီး အစိမ်း ၃ ဖီး သို့မဟုတ် ၅ ဖီး (ဖီးကြမ်း / သီးမွှေး ဘာဖြစ်ဖြစ်ရပါတယ်)  ၃ ။ ဖယောင်းတိုင် နှစ်ထုပ်  ၄ ။ အမွှေးတိုင် နှစ်ထုပ်  ၅ ။ လက်ဖက် ၃ ထုပ်  ၆ ။ ကွမ်းသုံးယာ  ၇ ။ နံ့သာရည်အထုပ် တစ်ထုပ်  ၈ ။ တံခွန်ကုက္ကား တစ်စုံ  ၉ ။ ရွှေပန်းငွေပန်း အနည်းငယ် လိုအပ်ပါတယ် ။  မိမိအသုံးပြုမယ့် ပွဲတင်ဇလုံရဲ့ အကျယ်အဝန်းအနေအထားပေါ်မူတည်ပြီး ငှက်ပျော ၃ ဖီး သို့မဟုတ် ၅ ဖီးကို ဇလုံပတ်လည်မှာ ဝန်း...

လောကဓံရင်ဆိုင်နည်း

 "လောကဓံရင်ဆိုင်နည်း" ကိုယ်လုပ်ရမှာက စိတ်ဓာတ်ကြံ့ခိုင်အောင်ထားဖို့ပဲ မြတ်စွာဘုရားက "အဂ်ုတရနိကာလ် အဋ္ဌကနိပါတ်" လောကသုတ္တန်မှာ စိတ်ဓာတ်ကြံ့ခိုင်အောင် ထားနည်းပေးထားတယ်။ ရတဲ့ အခါရှိသလို ၊ မရတဲ့အခါ ရှိတယ်။ လူတွေက အဆိုးလောကဓံနဲ့ ကြုံပြီဆို ညည်းကြတယ်။ ကောင်းတာလေးနဲ့တွေ့ပြီဆို မှိန်းနေကြတာ လောကဓံမှန်းတောင် မသိဘူး။ အောင်မြင်ကြီးပွားနေလို့ စိတ်ပျော်ရွှင်တက်ကြွ မာန်မာနတွေ ဖြစ်နေတာလည်း ဒါ လောကဓံကိုမခံနိုင်လို့ပဲ... ကြံ့ခိုင်တဲ့စိတ်ထားမရှိလို့ပဲ။ အောင်မြင်ကြီးပွားမှုကို ရလာလို့ရှိရင်လည်း တက်ကြွ မာန်မာနတွေမဖြစ်ဘဲ စိတ်ဓာတ်ဟာ တသမတ်တည်းဖြစ်နေရမယ်။ ကိုယ်လိုချင်တာ မရဘူးဆိုရင် သို့မဟုတ် တစ်စုံတစ်ခု ပျက်စီးဆုံးရှုံးပြီဆိုရင် စိတ်ဓာတ်တွေကျတယ်။ ညိုးငယ်တယ်။ ဒါ လောကရဲ့သဘာဝ(လောကဓမ္မ) အတိုင်းဖြစ်တာကို စိတ်ကလိုက်ပြီးတော့လှုပ်ရှားတာ။ "လာဘ" ရခြင်းဆိုတဲ့ လောကဓံက တိုက်ခိုက်ရင်လည်း မာန်မာနတွေမတက်ကြွဖို့ ။ "အလာဘ" မရခြင်းဆိုတဲ့ လောကဓံက တိုက်ခိုက်ရင်လည်း စိတ်ဓာတ်မကျဖို့ အဲ့ဒီလိုတည်ငြိမ်တဲ့စ်တ်ထားကို ထားနိုင်မှ ကြံ့ခိုင်တဲ့စိတ်ဓာတ်ခေါ်တယ်။ "လာဘ" လောကဓံနဲ့ ကြုံလာတယ်ဆိုပါစိ...

လောကကြီးဟာ အနှစ်သာရမရှိဘူး

 “လောကကြီးဟာ အနှစ်သာရမရှိဘူး” ဘယ်ဘုံပဲဖြစ်ဖြစ် အနှစ်သာရမရှိဘူး.. အနှစ်ဆိုတာ ခိုင်မြဲခြင်း ၊ချမ်းသာခြင်း.. ကိုယ်လုပ်တဲ့အတိုင်းဖြစ်တယ်လို့ဆိုတယ်..လောကကြီးက ကိုယ့်အလိုတိုင်း ဘာမှ ဖြစ်တာမဟုတ်ဘူး.. အမြဲတမ်းလှူပ်ရှားပြောင်းလဲနေတယ်တဲ့..ဒီခန္ဓာကြီး ဟာလည်း အမြဲတမ်းပြောင်းလဲနေတယ်တဲ့..မငြိမ်တဲ့အရာကြီးကို အားကိုးလို့မရဘူး မမြဲဘူး အားလုံး ဟာပြောင်းလဲနေတယ်.. တကယ်စဥ်းစားကြည့် ဆင်ခြင် ကြည့် အနှစ်သာရမရှိဘူး အမြဲတမ်းပြောင်းလဲနေတယ်.. လောကကြီးတခုလုံးကို လွှမ်းမိုးချုပ်ကိုင်ထားတာ. သေခြင်းတရားပါပဲ သေခြင်းတရားက လွှတ်တာ ဘယ်သူမှ မရှိဘူး.. ကျန်တဲ့အရာ လွှတ်ချင် လွှတ်မယ် ဒီသေခြင်းတရား မှ လွှတ် မှာ မဟုတ်ဘူး..အမြဲ ဆင်ခြင်ရမယ် ငါသေရအုံးမယ်.. ခု နုပျိုရှင်သန်နေပေမဲ့ အချိန်တခုရောက်လာရင် သေရမယ် ဘာမှ မဟုတ်ပါလား အနှစ်သာရကင်းမဲ့နေတယ်.. နေရတာ ကြောက်လာတယ် ပေါ့ မှီခိုအားထားရာ ဘာလဲ အမြဲဆင်ခြင်ရမယ်.. မြတ်စွာဘုရား ရဲ့ တရားတော်တွေကို နေ့စဥ် ဟောကြားပေးနေသော ဘုရားသား သံဃာတော်တွေ ဟောကြားဆုံးမမူကြောင့်... လွှတ်မြှောက်ရာလမ်းကို သိခဲ့ရတယ်.. အားကိုးရှိပြီ...ကြိုးစားဖို့ ပဲ.. ဝိပဿနာ ဘာဝနာလမ်းသည်သာ လွှတ်မြောက်ရာ ဖြစ်တယ်... အနှစ်သာရမရ...

ကျီး(ကြီး)လေးကောင် နိုင်အောင်ခြောက် ကြီးပွားချမ်းသာရောက်

Image
 ☘️☘️☘️ကျီး(ကြီး)လေးကောင် နိုင်အောင်ခြောက် ကြီးပွားချမ်းသာရောက်☘️☘️☘️ ၁။အအိပ်ကြီးခြင်းဆိုတဲ့ ကြီး(ကျီး)တစ်ကောင်။ ၂။အပျင်းကြီးခြင်းဆိုတဲ့ ကြီး(ကျီး)တစ်ကောင်။ ၃။အသုံးအစွဲကြီးခြင်းဆိုတဲ့ ကြီး(ကျီး)တစ်ကောင်။ ၄။အစားကြီးခြင်းဆိုတဲ့ ကြီး(ကျီး)တစ်ကောင်။  ကြီးပွားတိုးတတ်အောင်မြင်ဖို့ ကျီး(ကြီး)လေးကောင်ကို နိုင်အောင်ခြောက်ကြပါစို့။ #everyoneシ゚ #highlightsシ゚ #အရှင်သုမန #ဘန်ကောက်မြို့ #followers @followers @top fans @everyones