ကန်တော့ပွဲ (သာသနာပွဲ) ထိုးခြင်း
ကန်တော့ပွဲ (သာသနာပွဲ) ထိုးခြင်း ဤဘဒ္ဒကမ္ဘာမှာ ပွင့်ခဲ့လေပြီးသော ဘုရားလေးဆူနှင့်တကွ နောင်ပွင့်မယ့် အရိမေတ္တယျဘုရားရှင်တို့အား ဦးထိပ်ထားပြီး သာသနာတော်စောင့်နတ်မင်းကြီးများ ၊ ရသေ့ရှစ်သောင်းနှင့် ဝိဇ္ဇာဇော်ဂျီ တပသီအပေါင်း ၊ ထွက်ရပ်ပေါက် ပုဂ္ဂိုလ်များအပါအဝင် ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်အပေါင်းတို့အား တိုင်တည်ပြီး သာသနာအနှစ်ငါးထောင် အရှည်တည်တံ့စေရန် ဝန်းရံစောင့်ရှောက်ကြသူ အပေါင်းတို့၏ ဂုဏ်ကျေးဇူးကို မြင်ယောင်၍ ကန်တော့ပွဲ (သာသနာပွဲ) ကို လှူဒါန်းကြခြင်းဖြစ်ပါတယ် ။ သာသနာပွဲကပ်လှူမယ်ဆိုရင် - ၁ ။ အုန်းသီးလှလှ အစိမ်းရောင် တစ်လုံး (အနာအဆာကင်း ကြွက်မြှီးအပါ) ၂ ။ ငှက်ပျောသီး အစိမ်း ၃ ဖီး သို့မဟုတ် ၅ ဖီး (ဖီးကြမ်း / သီးမွှေး ဘာဖြစ်ဖြစ်ရပါတယ်) ၃ ။ ဖယောင်းတိုင် နှစ်ထုပ် ၄ ။ အမွှေးတိုင် နှစ်ထုပ် ၅ ။ လက်ဖက် ၃ ထုပ် ၆ ။ ကွမ်းသုံးယာ ၇ ။ နံ့သာရည်အထုပ် တစ်ထုပ် ၈ ။ တံခွန်ကုက္ကား တစ်စုံ ၉ ။ ရွှေပန်းငွေပန်း အနည်းငယ် လိုအပ်ပါတယ် ။ မိမိအသုံးပြုမယ့် ပွဲတင်ဇလုံရဲ့ အကျယ်အဝန်းအနေအထားပေါ်မူတည်ပြီး ငှက်ပျော ၃ ဖီး သို့မဟုတ် ၅ ဖီးကို ဇလုံပတ်လည်မှာ ဝန်း...