" မိမိစိတ်ကို ထိန်းသိမ်းနည်း "
" မိမိစိတ်ကို ထိန်းသိမ်းနည်း "
********************
လောကမှာ လူတွေဟာ
အချင်းချင်း ဆက်ဆံနေကြတဲ့အခါမှာ
- မဟုတ် မမှန်တာတွေ ပြောတာ
- ရိုင်းရိုင်းပျပျ ပြောတာ
- ကျိုးကြောင်း ဆီလျော်မှုမရှိဘဲ ပြောတာတွေ ကြုံတွေ့နိုင်တယ်။
အဲလိုစကားတွေ ကြားလာခဲ့ရင်
မြတ်စွာဘုရားက ကျင့်စဉ်လေး ပေးထားတယ် ။
"န စေဝ မေ စိတ္တံ ဝိပရိဏတံ ဘဝိဿတိ "
ငါ့စိတ်က အပြောင်းအလဲ
မဖြစ်စေရဘူးလို့ အဲဒီလို စိတ်မဆိုးနဲ့တဲ့ ။
ပင်ကိုယ်စိတ်ကလေးက
ရုပ်ပျက်ဆင်းပျက် ဖြစ်မသွားစေနဲ့
ဒေါသစိတ် မဖြစ်ပေါ်နဲ့
စိတ်ဓါတ် မပြောင်းလဲသွားစေနဲ့ ။
အပြောမခံရခင်က စိတ်ကတစ်မျိုး ,
အပြောခံရတဲ့အခါမှာ စိတ်ကတစ်မျိုး
အဲဒီလို မပြောင်းလဲသွားစေနဲ့ တဲ့ ။
အပြော မခံလိုက်ရခင်က စိတ်မျိုးကို ထိန်းထားပါတဲ့ ။
မျက်နှာကြော တင်းသွားတာတို့ ၊
ဒေါသနဲ့ ပြန်ပြောမိတာတို့ ဖြစ်တတ်ပါတယ် ။
အဲဒီလို စိတ်ပြောင်းလဲမသွားအောင် ထိန်းပါတဲ့ ။
တရားကျင့်တယ် ဆိုတာလည်း ဒါပါပဲ
ကိုယ့်စိတ်ကလေးကို
ပြောင်းလဲသွားတာမျိုး မဖြစ်အောင်
ထိန်းနိုင်တာကိုလည်း
တရားကျင့်တယ်လို့ သတ်မှတ်နိုင်တယ် ။
ဒါကြောင့် စိတ်ဆုံးဖြတ်ချက် ချပြီးတော့
စိတ်ကလေးကို ထိန်းသိမ်းမယ်လို့
သန္နိဋ္ဌာန် ချထားလိုက်ပါ ။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်

Comments
Post a Comment