Posts

Showing posts from June, 2026

အရဟံ ဂုဏ်တော်

Image
 အရဟံဆိုတာ အက္ခရာသုံးလုံးပဲရှိတယ်၊ အ,ရယ် ရ,ရယ် ဟ,ရယ်၊ ဒီသုံးလုံးဖြစ်ပေမယ့် အဓိပ္ပာယ်ငါးမျိုးထွက်တယ်နော်။ ဘုန်းကြီးတို့တတွေ ဗုဒ္ဓါနုဿတိဘာဝနာပွားပြီ ဆိုတဲ့ အခါမှာ ဒီ အရဟံဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို အာရုံပြုရမယ်။ မြတ်စွာဘုရားကို အရဟံလို့ခေါ်တာဟာ ဒီဂုဏ်ထူးဝိသေသနဲ့ ပြည့်စုံလို့ဖြစ်တယ်၊ သာမန်ပုဂ္ဂိုလ်မဟုတ်ဘူး။ ဂုဏ်ထူးဝိသေသနဲ့ ချီးကျူးခံရတယ်။ မြတ်စွာဘုရားရဲ့ ဂုဏ်တွေကို အာရုံပြုတဲ့ သတိကို ဗုဒ္ဓါနုဿတိလို့ ခေါ်တယ်၊ ဗုဒ္ဓ- မြတ်စွာဘုရားရဲ့ ဂုဏ်ကို၊ အနုဿတိ-အကြိမ်ကြိမ် အထပ်ထပ် သတိထားခြင်း၊ သတိရနေခြင်း။ တစ်နည်းအားဖြင့် အနု- သင့်တင့်လျောက်ပတ်တဲ့၊ သတိ- အမှတ်ရမှုပဲ၊ ဘုရားနဲ့ပတ်သက်ပြီး အလွန်သင့်လျော်လျောက်ပတ်တဲ့ အမှတ်ရမှုလို့ ဒီလိုအဓိပ္ပာယ်ရတယ်။ ဘုရားဂုဏ်ကို အာရုံပြုနေတာနဲ့ပဲ သမထကမ္မဋ္ဌာန်း ဖြစ်တယ်ပေါ့။ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းသည် ဝိပဿနာဉာဏ် ဖြစ်စေဖို့အတွက် ကြီးမားသော အထောက်အကူ ဖြစ်တယ်ပေါ့။ လူတွေရဲ့သန္တာန်မှာ သဒ္ဓါစွမ်းအားတွေ ဖွံ့ဖြိုးတိုးတက်သွားစေနိုင်တယ်။ ဒါကြောင့်မို့ ဗုဒ္ဓါနုဿတိဘာဝနာဟာ အမြတ်ဆုံးဖြစ်တယ်လို့ စာပေကျမ်းဂန်တွေမှာ ဆိုထားတာပေါ့။ အဲဒီတော့ ဗုဒ္ဓဂုဏ်တော်ပွားပြီဆိုရင် ဘယ်လိုပွားမလဲ၊ “ဣတိပ...