လောကဓံရင်ဆိုင်နည်း

 "လောကဓံရင်ဆိုင်နည်း"


ကိုယ်လုပ်ရမှာက စိတ်ဓာတ်ကြံ့ခိုင်အောင်ထားဖို့ပဲ မြတ်စွာဘုရားက "အဂ်ုတရနိကာလ် အဋ္ဌကနိပါတ်" လောကသုတ္တန်မှာ စိတ်ဓာတ်ကြံ့ခိုင်အောင် ထားနည်းပေးထားတယ်။


ရတဲ့ အခါရှိသလို ၊ မရတဲ့အခါ ရှိတယ်။

လူတွေက အဆိုးလောကဓံနဲ့ ကြုံပြီဆို ညည်းကြတယ်။ ကောင်းတာလေးနဲ့တွေ့ပြီဆို မှိန်းနေကြတာ လောကဓံမှန်းတောင် မသိဘူး။


အောင်မြင်ကြီးပွားနေလို့ စိတ်ပျော်ရွှင်တက်ကြွ မာန်မာနတွေ ဖြစ်နေတာလည်း ဒါ လောကဓံကိုမခံနိုင်လို့ပဲ... ကြံ့ခိုင်တဲ့စိတ်ထားမရှိလို့ပဲ။ အောင်မြင်ကြီးပွားမှုကို ရလာလို့ရှိရင်လည်း တက်ကြွ မာန်မာနတွေမဖြစ်ဘဲ စိတ်ဓာတ်ဟာ တသမတ်တည်းဖြစ်နေရမယ်။


ကိုယ်လိုချင်တာ မရဘူးဆိုရင် သို့မဟုတ် တစ်စုံတစ်ခု ပျက်စီးဆုံးရှုံးပြီဆိုရင် စိတ်ဓာတ်တွေကျတယ်။ ညိုးငယ်တယ်။

ဒါ လောကရဲ့သဘာဝ(လောကဓမ္မ) အတိုင်းဖြစ်တာကို စိတ်ကလိုက်ပြီးတော့လှုပ်ရှားတာ။


"လာဘ" ရခြင်းဆိုတဲ့ လောကဓံက တိုက်ခိုက်ရင်လည်း မာန်မာနတွေမတက်ကြွဖို့ ။


"အလာဘ" မရခြင်းဆိုတဲ့ လောကဓံက တိုက်ခိုက်ရင်လည်း စိတ်ဓာတ်မကျဖို့ အဲ့ဒီလိုတည်ငြိမ်တဲ့စ်တ်ထားကို ထားနိုင်မှ ကြံ့ခိုင်တဲ့စိတ်ဓာတ်ခေါ်တယ်။


"လာဘ" လောကဓံနဲ့ ကြုံလာတယ်ဆိုပါစို့။

ငါလိုချင်တာတော့ရလာပြီ ၊ ရလာတဲ့ဟာသည် ထာဝရလား ၊ တစ်ခဏလား စဥ်းစားကြည့်လိုက်ပါတဲ့..လောကမှာထာဝရဆိုတာတစ်ခုမှမရှိဘူး။


၁။ အနိစ္စ - မြဲတဲ့သဘောမရှိဘူး။

၂။ ဝိပရိဏာမဓမ္မ - ရခြင်းကနေမရခြင်းအဖြစ်ပြောင်းသွားနိုင်သေးတယ်။

၃။ အညထာဘာဝ - တစ်မျိုးတစ်ဖုံဖြစ်သွားနိုင်သေးတယ်...ဒီလိုတွေးပါတဲ့..။


မရဘူးဆိုရင်လည်း ၊ "အလာဘ" လောကဓံနဲ့ ကြုံလာရင်လည်း ဒီလိုပဲ စဥ်းစားပါတဲ့..။

မရဘူးဆိုတာလည်း တစ်ခဏပဲ။

အခြေနေပေးလာရင် ရမှာပေါ့။

မရသေးခင်မှာရှိတာနဲ့ ငါရောင့်ရဲရမယ်။

ထပ်ပြီးတော့ကြိုးစားရမယ်။

မရဘူးဆိုတာလည်း နိစ္စ ထာဝရ မဟုတ်ဘူး၊အနိစ္စ တစ်ခဏမျှသာဖြစ်တယ် ၊ မမြဲတဲ့သဘော ၊ တစ်ချိန်ကျပြောင်းလဲလာဦးမှာပဲ။

ဒီလိုကိုယ့်စိတ်ကိုယ် ထိန်းရတယ်။


နောက်တစ်ခု စဥ်းစားနည်းလည်းပေးထားတယ်။ "လာဘ" ဆိုတဲ့လောကဓံနဲ့ကြုံလာတယ် ၊ အောင်မြင်ကြီးပွားလာတယ်ဆိုပါစို့။

အောင်မြင်ကြီးပွားမှုကို ဝမ်းသာပြီးတော့..

ငါ မာန်မာနတွေ တက်ကြွနေမယ်ဆိုရင် ဘေးကလည်းအမြင်ကတ်လာနိုင်တယ် ၊ ငါ့ဘာသာငါလည်းအကျိုးရှိတာလုပ်နိုင်ရမယ်ဆိုတဲ့ အသိညဏ်လည်း ဖြစ်တော့မှာမဟုတ်ဘူး။ ဒါတွေဟာအထင်ကြီးစရာ မဟုတ်ဘူး..

ရလာတုန်းခဏမှာ ငါ ဘာကိုအကျိုးရှိအောင်လုပ်မလဲဆိုပြီး အကျိုးရှိမယ့်အရာတစ်ခုခုကို စဥ်းစားဆင်ခြင်ပြီး အကျိုးရှိအောင်လုပ်သင့်တယ်။


မရလာဘူးဆိုလို့ရှိရင်လည်း မရလာတာကြီးကို စိတ်ပျက်နေတာအဖြေတစ်ခုမဟုတ်ဘူး။

စိတ်ပျက်နေလို့လည်း ရလာမှာမဟုတ်ဘူး။ငါရနိုင်တဲ့ အခြေနေမရှိသေးလို့မရတာ၊ ဘယ်ဘက်က ငါ့မှာချို့ယွင်းနေသလဲဆိုပြီး

ကိုယ့်ချို့ယွင်းချက်ကို အဖြေရှာပြီးတော့..ရအောင် ကြိုးစားရမယ်။

ဒါ မှန်ကန်တဲ့နည်းလမ်းတစ်ခုပဲ။




ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

Comments

Popular posts from this blog

" မိမိစိတ်ကို ထိန်းသိမ်းနည်း "

ကြွက်နိုနှင့် ငါးမျက်စိအတွက် ထိရောက်သော အိမ်တွင်းကုထုံး

ကဆုန်လပြည့်နေ့တွင် မဖြစ်မနေ ပြုလုပ်သင့်သော အလှူ(၇)မျိုး