လောကကြီးဟာ အနှစ်သာရမရှိဘူး

 “လောကကြီးဟာ အနှစ်သာရမရှိဘူး”


ဘယ်ဘုံပဲဖြစ်ဖြစ် အနှစ်သာရမရှိဘူး..
အနှစ်ဆိုတာ ခိုင်မြဲခြင်း ၊ချမ်းသာခြင်း.. ကိုယ်လုပ်တဲ့အတိုင်းဖြစ်တယ်လို့ဆိုတယ်..လောကကြီးက ကိုယ့်အလိုတိုင်း ဘာမှ ဖြစ်တာမဟုတ်ဘူး..

အမြဲတမ်းလှူပ်ရှားပြောင်းလဲနေတယ်တဲ့..ဒီခန္ဓာကြီး ဟာလည်း အမြဲတမ်းပြောင်းလဲနေတယ်တဲ့..မငြိမ်တဲ့အရာကြီးကို အားကိုးလို့မရဘူး မမြဲဘူး အားလုံး ဟာပြောင်းလဲနေတယ်..

တကယ်စဥ်းစားကြည့် ဆင်ခြင် ကြည့် အနှစ်သာရမရှိဘူး အမြဲတမ်းပြောင်းလဲနေတယ်..

လောကကြီးတခုလုံးကို လွှမ်းမိုးချုပ်ကိုင်ထားတာ.
သေခြင်းတရားပါပဲ သေခြင်းတရားက လွှတ်တာ ဘယ်သူမှ မရှိဘူး..

ကျန်တဲ့အရာ လွှတ်ချင် လွှတ်မယ်
ဒီသေခြင်းတရား မှ လွှတ် မှာ မဟုတ်ဘူး..အမြဲ ဆင်ခြင်ရမယ် ငါသေရအုံးမယ်..

ခု နုပျိုရှင်သန်နေပေမဲ့ အချိန်တခုရောက်လာရင် သေရမယ် ဘာမှ မဟုတ်ပါလား အနှစ်သာရကင်းမဲ့နေတယ်..

နေရတာ ကြောက်လာတယ် ပေါ့ မှီခိုအားထားရာ ဘာလဲ အမြဲဆင်ခြင်ရမယ်..

မြတ်စွာဘုရား ရဲ့ တရားတော်တွေကို နေ့စဥ် ဟောကြားပေးနေသော
ဘုရားသား သံဃာတော်တွေ ဟောကြားဆုံးမမူကြောင့်...

လွှတ်မြှောက်ရာလမ်းကို သိခဲ့ရတယ်..
အားကိုးရှိပြီ...ကြိုးစားဖို့ ပဲ..
ဝိပဿနာ ဘာဝနာလမ်းသည်သာ လွှတ်မြောက်ရာ ဖြစ်တယ်...

အနှစ်သာရမရှိတာကိုမရှိဘူးလို့ လက်ခံနိုင်လာရင်မမြဲဆင်းရဲ အစိုးမရတာကို လက်ခံနိုင်လာမယ်။

လောကကြီးဟာ ဗလာကြီးပါ ဗလာသက်သက်ကြီး ဆိုတာ မြင်လာပါလိမ့်မယ် ဒါတွေကိုတို့တတွေ ကြိုးစား ပြီး စွန့်နိုင်ရမယ်..စွန့်နိုင်ရင် ချမ်းသာစစ် အမှန် မရချင်ပါဘူးဆိုတောင် ဧကန် ရောက်လာပါ လိမ့်မယ်..

မြတ်စွာဘုရား က လောကီအလုပ်တွေနဲ့ ရူတ်နေတာကို မနှစ်သက်ဘူး..
မြတ်စွာဘုရား ဆိုလိုရင်းက ရှင်းပါတယ်..

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

Comments

Popular posts from this blog

" မိမိစိတ်ကို ထိန်းသိမ်းနည်း "

ကြွက်နိုနှင့် ငါးမျက်စိအတွက် ထိရောက်သော အိမ်တွင်းကုထုံး

ကဆုန်လပြည့်နေ့တွင် မဖြစ်မနေ ပြုလုပ်သင့်သော အလှူ(၇)မျိုး