ဘဝမှာ အဖော်တော့ ရှိရမယ်

 မိမိရရှိထားသောဘဝမှာ အဖေါ်တော့ ရှိထားရပါမယ်။

အဖေါ်မရှိသောသူ၏ ဘဝဟာ အထီးကျန်အရုပ်ဆိုးနဲ့ နေကြရမှာမို့ အဖေါ်ကောင်းရှိထားရပါမယ်။


အဖေါ်ဆိုတာ ညီအစ်ကို၊ မောင်နှစ်မ၊ ဇနီး၊ မယား၊ လင်၊ သားသမီးကို ဆိုလိုသည်မဟုတ် 

နေ့စဉ်နေ့တိုင်း မပြုမဖြစ်သော ဒါနစေတနာ၊ သီလစေတနာ၊ ဝိပဿနာကုသိုလ်စေတနာကို အဖေါ်လို့ခေါ်တယ်။ 


တနည်း လောဘ၊ ဒေါသ၊ မောဟတွေ ငြိမ်းအောင် ကျင့်ထားသော အသိဉာဏ်သတ္တိသည်သာအဖေါ်။ 


ဒီကုသိုလ်အဖေါ် ပြည့်စုံလာသောသူသည် အဖေါ်ရှိသောသူမို့ သင့်မှာ အဖေါ်များများရှိထားပြီလား။ 

ကိုယ့်ကိုကိုယ်မေးထားပါ။


မရှိသေးပါက ရှိအောင် ဘဝလက်ကျန်အချိန်ကို မြန်မြန်ကြိုးစား အားထုတ်ထားပြီး အဖေါ်ကောင်းရှိပါစေ။

    

မြောက်ဦးဆရာတော်

Credit.


#လောကတွင်တရားအလျူသည်အမြတ်ဆုံး

#အမြတ်ဆုံးသောတရားကိုဒါနပြုမျှဝေပါသည်


Comments

Popular posts from this blog

" မိမိစိတ်ကို ထိန်းသိမ်းနည်း "

ကြွက်နိုနှင့် ငါးမျက်စိအတွက် ထိရောက်သော အိမ်တွင်းကုထုံး

ကဆုန်လပြည့်နေ့တွင် မဖြစ်မနေ ပြုလုပ်သင့်သော အလှူ(၇)မျိုး