ကွယ်ရာမှာ ကိုယ့်ရဲ့အတင်းပြောတာတွေကို ဥပေက္ခာပြုထားပါ။

 ✳️ကိုယ့်ကိုမလိုလို့၊ မနာလိုလို့၊ 

ကွယ်ရာမှာ  ကိုယ့်ရဲ့အတင်းပြောတာတွေ၊ အပြစ်ပြောတာတွေကို ဂရုမစိုက်ဘဲ

ဥပေက္ခာပြုထားပါ၊ 

ကိုယ့်ကို- ဟိုလို•••ဒီလို••• ပြောရမလားဆိုပြီးတော့ ခံစားပြီးတော့ မနေပါနဲ့၊ 

ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို

မဖြုန်းတီးလိုက်ပါနဲ့။


✳️ကိုယ်ကလည်းပဲ ‘ဘယ်သူက အကောင်းလုပ်တာ/မကောင်းလုပ်တာ’စသည်ကို ဝေဖန် သုံးသပ်ပြီး ကိုယ့်ရဲ့ရခဲလှတဲ့လူ့ဘဝ၊ တန်ဖိုးရှိတဲ့ အချိန်တွေကို 

မဖြုန်းတီးလိုက်ပါနဲ့။


✳️ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အျိန်တွေ 

ကိုယ်က ဘယ်လိုတန်ဖိုးရှိအောင်

အသုံးချနေလဲ၊ 

ရခဲလှတဲ့လူ့ဘဝကို 

ဘယ်လို တန်ဖိုးတက်အောင် 

လုပ်နေလဲဆိုတာကို 

ကိုယ့်ကိုယ် သုံးသပ်ဆင်ခြင်ပြီးတော့

နေပါတဲ့။


☸️ဒါကိုမြတ်စွာဘုရားရှင် 

ဓမ္မပဒဒေသနာတော်မှာ-

“န ပရေသံ ဝိလောမာနိ၊ 

နပရေသံ ကတာကတံ။

အတ္တနောဝ အဝေက္ခေယျ၊

ကတာနိ အကတာနိစ။”လို့

အတိကျဟောတော်မူခဲ့ပါတယ်။


✳️ဒါ့ကြောင့် တရားချစ်ခင် သူတော်စင်များ ကိုယ့်ကိုယ်သာလျှင်

ငါအကောင်းလုပ်နေသလား/မကောင်းလုပ်နေသလား လက်ရှိဘဝမှာ 

ကြီးပွါးချမ်းသာအောင်၊ နောင်ဘဝမှာလည်း ကြီးပွါးချမ်းသာအောင် ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ အချိန်တွေ ဘယ်လိုတန်ဖိုးရှိအောင် အသုံးချနေလဲဆိုတာကို 

ဆင်ခြင်သုံးသပ်ပြီး နေပါ။



~တရားတော်ကိုနာယူရန် https://youtu.be/D4FHhQGfrTg?si=g0hV4sG7hpuhLzvl


#ဓမ္မဒါနအဖြစ်ဖြင့် #ဓမ္မအာလောကမှ #ရေးသားပူဇော်ပါသည်

Comments

Popular posts from this blog

" မိမိစိတ်ကို ထိန်းသိမ်းနည်း "

ကြွက်နိုနှင့် ငါးမျက်စိအတွက် ထိရောက်သော အိမ်တွင်းကုထုံး

ကဆုန်လပြည့်နေ့တွင် မဖြစ်မနေ ပြုလုပ်သင့်သော အလှူ(၇)မျိုး