" မိမိစိတ်ကို ထိန်းသိမ်းနည်း " ******************** လောကမှာ လူတွေဟာ အချင်းချင်း ဆက်ဆံနေကြတဲ့အခါမှာ - မဟုတ် မမှန်တာတွေ ပြောတာ - ရိုင်းရိုင်းပျပျ ပြောတာ - ကျိုးကြောင်း ဆီလျော်မှုမရှိဘဲ ပြောတာတွေ ကြုံတွေ့နိုင်တယ်။ အဲလိုစကားတွေ ကြားလာခဲ့ရင် မြတ်စွာဘုရားက ကျင့်စဉ်လေး ပေးထားတယ် ။ "န စေဝ မေ စိတ္တံ ဝိပရိဏတံ ဘဝိဿတိ " ငါ့စိတ်က အပြောင်းအလဲ မဖြစ်စေရဘူးလို့ အဲဒီလို စိတ်မဆိုးနဲ့တဲ့ ။ ပင်ကိုယ်စိတ်ကလေးက ရုပ်ပျက်ဆင်းပျက် ဖြစ်မသွားစေနဲ့ ဒေါသစိတ် မဖြစ်ပေါ်နဲ့ စိတ်ဓါတ် မပြောင်းလဲသွားစေနဲ့ ။ အပြောမခံရခင်က စိတ်ကတစ်မျိုး , အပြောခံရတဲ့အခါမှာ စိတ်ကတစ်မျိုး အဲဒီလို မပြောင်းလဲသွားစေနဲ့ တဲ့ ။ အပြော မခံလိုက်ရခင်က စိတ်မျိုးကို ထိန်းထားပါတဲ့ ။ မျက်နှာကြော တင်းသွားတာတို့ ၊ ဒေါသနဲ့ ပြန်ပြောမိတာတို့ ဖြစ်တတ်ပါတယ် ။ အဲဒီလို စိတ်ပြောင်းလဲမသွားအောင် ထိန်းပါတဲ့ ။ တရားကျင့်တယ် ဆိုတာလည်း ဒါပါပဲ ကိုယ့်စိတ်ကလေးကို ပြောင်းလဲသွားတာမျိုး မဖြစ်အောင် ထိန်းနိုင်တာကိုလည်း တရားကျင့်တယ်လို့ သတ်မှတ်နိုင်တယ် ။ ဒါကြောင့် စိတ်ဆုံးဖြတ်ချက် ချ...
Comments
Post a Comment