ကျန်းမာခြင်းသည် လာဘ်တစ်ပါး
မိသားစုတစ်စု လဲပြိုဖို့
လူမမာတစ်ယောက်ပဲ လိုတယ်။
မိသားစုတစ်စုကို ပံ့ပိုးဖို့
ကျန်းမာရေးကို တန်ဖိုးထားတတ်တဲ့သူ တစ်ယောက်ပဲ လိုတယ် တဲ့။
မိသားစုရဲ့ ငွေကြေးအခြေအနေက ဘယ်လိုပဲရှိရှိ ကျန်းမာရေးကို တန်ဖိုးထားပြီး လေ့ကျင့်ခန်း မှန်မှန်လုပ်သူတစ်ယောက် ရှိတာဟာ ဒီမိသားစုအတွက် အကြီးမားဆုံး ကံကောင်းခြင်းဖြစ်တယ်။
ဘဝခက်ခဲချိန်မှာ ကျန်းမာရေးက အကြီးမားဆုံး အထောက်အပံ့ဖြစ်ပြီး
ဘဝကြွယ်ဝချမ်းသာချိန်မှာ ကျန်းမာရေးက ပျော်ရွှင်မှုအားလုံးရဲ့ အခြေခံအုတ်မြစ် ဖြစ်ပါတယ်။
****
ဘယ်သူမှတော့ မကျန်းမမာ မဖြစ်ချင်ကြပါဘူး။ မကျန်းမာရင် တခြားသူ အလုပ်ရှုပ်ရုံမက ကိုယ်တိုင်လည်း ခံရခက်ပါတယ်။ အတတ်နိုင်ဆုံးတော့ ကျန်းမာအောင် စား၊ ကျန်းမာအောင်နေပါတယ်။
ရေသောက်၊
အားကစားလုပ်၊
ပုံမှန်စား၊ ပုံမှန်အိပ်
အစပ် အငန် ဆီလျော့၊
စိတ်ညစ်စရာ၊ စိုးရိမ်ပူပန်မှုတွေ လျော့....
ကျန်တာကတော့ ကံတရားအတိုင်းပေါ့။
#နိုင်းနိုင်းစနေ
Comments
Post a Comment