ပုညကြိယဝတ္ထု (၁၀) ပါး

 ပုညကြိယဝတ္ထု (၁၀) ပါး

************************

(ပုည - ကောင်းမှု + ကြိယ - ပြုသင့်ပြုထိုက်သော + ဝတ္ထု - တည်ရာ)




ကောင်းသောအကျိုး၏ တည်ရာဖြစ်၍ ပြုသင့်ပြုထိုက်သော ကောင်းမှုကုသိုလ် (၁၀) ပါး


၁။ ဒါန - ပေးကမ်းလှူဒါန်းမှု


၂။ သီလ - ၅ ပါး, ၈ ပါး, ၁၀ ပါး စေသော သီလဆောက်တည်မှု


၃။ ဘာဝနာ - ကမ္မဋ္ဌာန်း စီးဖြန်းမှု


၄။ အပစာယန - အသက်သိက္ခာ ဂုဏ်ကြီးသူအား အရိုအသေပြုမှု (သီလ)


၅။ ဝေယျာဝစ္စ - သူများကုသိုလ်ကိစ္စ၌ ကူညီဆောင်ရွက်မှု (သီလ)


၆။ ပတ္တိဒါန - မိမိရသော ကုသိုလ်အဖို့ဘာဂကို အမျှဝေမှု (ပတ္တိ - ရအပ်သော ကုသိုလ်အဘို့ကို + ဒါန - မိမိကဲ့သို့ အညီအမျှ ရစေခြင်း) (ဒါန)


၇။ ပတ္တာနုမောဒန - မိမိသို့ ရောက်လာသော ကုသိုလ်အဘို့ကို ဝမ်းမြောက် ဝမ်းသာ သာဓုခေါ်မှု (ပတ္တ - ကောင်းမှုရှင်တို့က အမျှဝေသဖြင့် မိမိထံ ရောက်လာသော ကုသိုလ်အဘို့ကို + အနုမောဒနာ - ဝမ်းမြောက်စွာ သာဓု‌ခေါ်မှု) (ဒါန)


၈။ ဓမ္မဿဝန - တရားနာမှု (ဘာဝနာ)


၉။ ဓမ္မဒေသနာ - လာဘ် လာဘကို မငဲ့ဘဲ တရားဟောမှု (ဘာဝနာ)


၁၀။ ဒိဋ္ဌိဇုကမ္မ - အယူကို ဖြောင့်မတ်စွာ ယူမှု (ဘာဝနာ)


ဆောင်။   


    ။ဒါန သီလာ,

      ဘာဝနာ,

     သုံးဖြာ စဉ်၍ ခင်း,


    စ နှစ်ကို လယ်,

   လယ် နှစ်ကို စ,

  နောက်မှ နောက်ချင်း သွင်း။

Comments

Popular posts from this blog

" မိမိစိတ်ကို ထိန်းသိမ်းနည်း "

ကြွက်နိုနှင့် ငါးမျက်စိအတွက် ထိရောက်သော အိမ်တွင်းကုထုံး

ကဆုန်လပြည့်နေ့တွင် မဖြစ်မနေ ပြုလုပ်သင့်သော အလှူ(၇)မျိုး