"#နတ်တွေနဲ့မိတ်ဖွဲ့ပါ"

 "#နတ်တွေနဲ့မိတ်ဖွဲ့ပါ"



နတ်တွေကို မိတ်ဖွဲ့ရတယ်

နတ်တွေကို မိတ်ဖွဲ့ရတာက

လူတွေကို မိတ်ဖွဲ့ရတာထက်သာတယ်။


လူတွေ အကူအညီ မပေးနိုင်တဲ့အရာကို 

နတ်တွေက ကူညီပေးနိုင်တယ်။


နတ်တွေကို မိတ်ဖွဲ့တယ်ဆိုတာ

မေတ္တာပို့ခြင်းနဲ့ အမျှဝေခြင်းပဲ။


အထူးသဖြင့် အပင်ကြီးတွေကို အမျှဝေဖို့လိုတယ်။

အပင်ကြီးတွေဆိုတော့ တန်ခိုးကြီးတဲ့

နတ်တွေ ရှိနိုင်တာပေါ့။


အမျှဝေတဲ့အခါမှာ ဒီနေ့လုပ်ခဲ့တဲ့ ကုသိုလ်ကိုလည်း 

အမျှဝေရမယ်။

တစ်သက်လုံး လုပ်ခဲ့တဲ့ ကုသိုလ်တွေကိုလည်း အမျှဝေရမယ်။

ဒါမှ ... သာဓုခေါ်တဲ့ပုဂ္ဂိုလ်တွေက

ပိုပြီး အကျိုးခံစားရမယ်။


အမျှဝေလိုက်လို့ နတ်တွေက သာဓုခေါ်လိုက်ရင် 

ရုတ်တရက် စည်းစိမ်တွေ တိုးတက်သွားတယ်။

လူတွေ ထီပေါက်သလိုပေါ့။


ပရဟိတ-လုပ်တယ်ဆိုတာ လူတွေကိုလည်း လုပ်လို့ရတယ်။

နတ်တွေကိုလည်း လုပ်လို့ရတယ်။

ပြိတ္တာတွေကိုလည်း လုပ်လို့ရတယ်

ကျန်တဲ့ အပါယ်ဘုံသားတွေကိုလည်း

လုပ်လို့ရတယ်။

အမျှဝေတယ်ဆိုတာ ပရဟိတ လုပ်တာပဲ။


အမျှဝေလို့ သူတို့က ကျေးဇူးတင်တဲ့အနေနဲ့ ကိုယ့်ကို ပြန်လည်စောင့်ရှောက်မယ်ဆိုရင်တော့ " ဒေဝတာနုကမ္ပိတော ပေါသော သဒါ ဘဒြာနိ ပဿတိ" ဆိုတဲ့အတိုင်း - ကောင်းတာတွေပဲ ကြုံရနိုင်တာပေါ့။


အမျှဝေတဲ့အခါ(မျှော်လင့်ချက်) လောဘစိတ်နဲ့ 

အမျှ မဝေရဘူး။ 

သူတို့ကို ကူညီချင်တဲ့စိတ်၊

ကုသိုလ် ရစေချင်တဲ့စိတ်နဲ့ အမျှဝေရတယ်။


ဒီလိုအတွေးအခေါ်မျိုး အရင်က မရှိခဲ့ဘူး။

ခုနောက်ပိုင်း စာတွေဖတ်,တရားတွေနာမှ 

အတွေးအခေါ်တွေက ပိုပြီး ကျယ်ပြန့်လာတယ်။


တပည့်တော်ကတော့ မေတ္တာအကျိုးကို 

လက်တွေ့ခံစားနေရတယ်လို့တောင် ယူဆမိတယ်။


ခုနောက်ပိုင်း နေရတာ ထိုင်ရတာ 

အလွန်စိတ်ချမ်းသာပြီး ခန္ဓာကိုယ်ကလည်း 

ပေါ့ပါးသွက်လက်လာတယ်။

ကိုယ် လိုအပ်နေတာလေးတွေလည်း

ပြည့်ပြည့်လာတယ်။


လူတစ်ယောက်ကို မြင်တာနဲ့ တစ်ခါတည်း 

"ကျန်းမာချမ်းသာပါစေ .. အရာအားလုံး အဆင်ပြေပါစေ"

လို့ မေတ္တာပို့သပြီးသားပဲ။


----------------------------------------------------


တမာပင်တောရ-ဆရာတော်

ဘဒ္ဒန္တပညာဒီပ-မဟာထေရ်။


၁၃၈၂-ခု၊ ဝါခေါင်လဆန်း(၇)ရက်

အင်္ဂါနေ့၊ ည(၈-နာရီ၊ ၄၅ မိနစ်)

ဆုံးမဩဝါဒစကား။

Comments

Popular posts from this blog

" မိမိစိတ်ကို ထိန်းသိမ်းနည်း "

ကြွက်နိုနှင့် ငါးမျက်စိအတွက် ထိရောက်သော အိမ်တွင်းကုထုံး

ကဆုန်လပြည့်နေ့တွင် မဖြစ်မနေ ပြုလုပ်သင့်သော အလှူ(၇)မျိုး